ပန်းအလင်္ကာ ရင်တွင်းစကား စာသားအဖြစ် ပြောင်းလဲပစ်ရာ ကဗျာလေးတွေဖြစ်လာတယ်။ ဇွဲနဘဲနဲ့ ရှာရင်းကာရန် အဖန်ဖန်ညည့်နက် အိပ်ပျက်ညတွေစုခဲ့ပြီ။ သို့သော်လည်းလေ သမုဆွေက ကဗျာတွေစာတွေ အလင်္ကာတွေသာ ဘ၀အမောပြေလျှောစေတယ်ဆိုပါစို့ စံပယ်ယဉ်လို သဇင်လို ပန်ဆင်ချင်တယ်ဆိုပါစို့ ဆက်ကာရေးမယ် ချစ်သူဖတ်ဖို့ မင်းဖတ်ဖို့။ |
||
ချစ်ခင်ပေါင်းသင်းဆက်ဆံခြင်းသည် ကွေ့ကွင်းနောက်ဆုံးပါတကား။ နုနယ်အဆင်းလှပခြင်းသည် အိုမင်းနောက်ဆုံးပါတကား။ ဇီးဝပြင်းလည်း သက်ရှင်းခြင်း သေမင်းနောက်ဆုံးပါတကား။
အပိယေဟိ သမ္ပယောဂေါ ဒုက္ခါ။ ပိယေဟိ ၀ိပ္ပယောဂေါ ဒုက္ခါ။
လှော်ခတ်ရာတက်တစ်လက် သြော်...မ ရယ်... အချစ်ဆိုတာ ရောဂါတစ်ခုလား? ကျွန်တော့်ရဲ့ဝေဒနာ အသေချာစမ်းစစ်တော့ မတစ်ယောက်ကိုပဲ အသေလဲချစ်မိတယ်တဲ့။ သြော်...မ.ရယ်... ချစ်မိသူရင်ထဲ အသဲစွဲအောင်ချစ်နေတော့ ချစ်ခဲ့လေသမျှ ဒုက္ခလို့မခံစားရက်။ သြော်...မ ရယ်... ကန္တာရခရီးကြမ်း ချစ်ပန်းခင်းဖို့ဆိုတာ ရာဇ၀င်မှာ စာမတင်ခဲ့လေတော့ ချစ်နရက် ဆယ်ထပ်မကသွားရဲပါတယ်။ သြော်...မ ရယ်... အချစ်နဲ့အမုန်း အပြုံးနဲ့အမဲ့ ဆန့်ကျင်ဘက် လားရာဖြစ်ပေမဲ့ မပြောတဲ့မမုန်းဆိုတဲ့ စကားတစ်ခွန်းက အလယ်ဆုံမှတ်တစ်နေရာပမာ အရေးပါတဲ့ ကျွန်တော့်ဘ၀တွက် လှော်ခတ်ရာတက်တစ်လက်ပါ။ နရက်။ ။ငရဲ
|
Translate This Page ချစ်လျှက်ပါ ရေစက်မကုန် ချစ်ရက်မဖြစ် ဆွေမျိုးရင်းခြာ ရင်ဝယ်မခြား ဒို့နှစ်ယောက်သား တွေ.ဆုံငြားက ချစ်နေရင်ခွင် ကျွန်တော်ရင်ဝယ် ချစ်တွေးနက်နက် ချစ်စိတ်တက်တော့ ကျွန်တော့ခန္တာ ကျွန်တော့ရင်မှာ ဟေတီမခြား(haiti) စိတ်လှုပ်ရှားတော့ ကိုယ်ချေလက်ဖျား လှုပ်ငြားသွက်သွက်ခါ ထိုသည့်အရှက် ထိုအချက်ကြောင့် မ မသိအောင် ဖုံးကွယ်ဖိသိပ် ဆိုရန်စကား ပြောညားမှားတက်စွာ ချစ်မှုနယ်ပယ် ချစ်ကြိုးသွယ်က အသွင်မခြား ရှိပါငြား ရင်တွသင်းစကား ဖွင့်ဟပွင့်လင်းဖွယ် သို့သော်ချစ်စိတ် ရင်ဝယ်မျိုသိပ် တွေ့ လျှင် မဖော်သာ စိတ်ငြိမ်စွာဖြင့် ချစ်နေဆဲပါ ချစ်မြဲချစ်လျှက်ပါ။ ![]() |
|
